ကမမောင်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster ဆက်လက်ထိုးနှံပေး

ကမမောင်း စက်တင်ဘာ ၁၃

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း Booster ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား/သေဆုံးမှုကို လျှော့ချနိုင်ပြီး ကလေးငယ်များ ပညာသင်ယူခွင့် အခွင့်အလမ်းများ ကောင်းစွာရရှိရေးအတွက်ရည်ရွယ်၍ အခြေခံပညာ ကျောင်းအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ကာကွယ်‌ဆေးထိုးနှံရာသို့ ကျေးလက်ကျန်းမာရေးဌာနမှ ဒေါ်နန်းယုဝေက ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် အသက် (၁၂) မှ (၁၈) နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ (၁၀၇) ဦးကို ယမန်နေ့က ထိုးနှံပြီးစီးခဲ့ကြောင်း၊ ဆက်လက်၍ သတ်မှတ်ကျောင်းများအသီးသီးတွင်လည်း ဆက်လက်ထိုးနှံ‌ပေးသွားမည် ဖြစ်ကြောင်း မြို့ကျေးလက်ကျန်းမာရေးဌာနမှ သိရှိရသည်။

တင်တင်လှ (ပြန်/ဆက်)