ဟိုပန်မြို့နယ်၌ နေကြာမျိုးစေ့ ထောက်ပ့ံပေးအပ်ပွဲနှင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေး သင်တန်းဖွင့်လှစ်
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများသမားရိုးကျ စိုက်ပျိုးနည်းစနစ်မှ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်သို့ ကူးပြောင်းစိုက်ပျိုးပြီး သီးနှံများအထွက်ပိုမိုကောင်းမွန်၍ ဝင်ငွေတိုးတက်မြင့်မားလာစေရန်တို့ကို ရည်ရွယ်၍ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်းနှင့် နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဟိုပန်မြို့နယ်၊ ပန်လုံမြို့၊ မုန်းကွန်ကျေးရွာခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။