လွိုင်လင် စက်တင်ဘာ ၁၅
၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွိုင်လင်ခရိုင် ကိုယ်စားပြုအဖွဲ့အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်က တွေ့ဆုံအမှာစကားပြောကြားခြင်းကို ယမန်နေ့ နံနက် ၈ နာရီ ခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်သည်။
ခရိုင်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားရာတွင် ပြည်နယ်အဆင့်အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ကြမည့်သူများသည် လွိုင်လင်ခရိုင် ကိုယ်စားပြုအဖွဲ့ဖြစ်၍ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်ကြကာ ခရိုင်၏ဂုဏ်ကို ဆောင်နိုင်ကြပါစေကြောင်း၊ အုပ်ချုပ်သူများအနေဖြင့် စနစ်တကျ စီမံအုပ်ချုပ်ပြီး သတ်မှတ်စည်းကမ်းချက်များကို တိတိကျကျလိုက်နာကြရန်၊ အထူး သဖြင့်ပြိုင်ပွဲဝင်များ၏ ကျန်းမာရေး ဂရုစိုက်နေထိုင်ကြရန်လိုကြောင်း ပြောကြားပြီးနောက် ပြိုင်ပွဲဝင်များအတွက် စားစရိတ် ခရီးစရိတ်များ ပေးအပ်လိုက်သည်။
အဆိုပါ လွိုင်လင်ခရိုင်ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင် ကျောင်းသူ (၂၁) ဦး နှင့် နည်းပြအုပ်ချုပ်သူ (၄)ဦး၊ စုစုပေါင်း ၂၅ ဦးလိုက်ပါသွားကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်