ညောင်တုန်းမြို့နယ် ရွှေဟင်္သာကျွန်း အ.လ.က ကျောင်းမှ အ.ထ.က(ခွဲ) ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ

ညောင်တုန်း စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဆင်ထုံးကျေးရွာအုပ်စု၊ ရွှေဟင်္သာကျွန်းကျေးရွာ အ.လ.ကကျောင်းမှ အ.ထ.က(ခွဲ) ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက အ.ထ.က(ခွဲ) ရွှေဟင်္သာကျွန်း ကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။

ဦးစွာ ရွှေဟင်္သာကျွန်း အ.ထ.က(ခွဲ)ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် ကျောင်းဆိုင်းဘုတ် မုခ်ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ မြို့နယ်ပညာရေးမှူး ဦးကျော်စိုးလှိုင်၊ ဆင်ထုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးကျော်သိန်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေခိုင်မြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မွှေးနံ့သာများ ပက်ဖြန်းပေးခဲ့ကြသည်။

 ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်ပညာရေးမှူး ဦးကျော်စိုးလှိုင်က ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်းအတွက် ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဆင်ထုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးကျော်သိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်း အခမ်းအနားသို့ ညောင်တုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် ပညာရေးမှူး ဦးကျော်စိုးလှိုင်နှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းအကျိုးတော် ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက် ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)