လပွတ္တာမြို့နယ်တွင် ကျေးရွာခြင်းဆက် ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

လပွတ္တာ စက်တင်ဘာ ၁၆

ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်ဒေသ ဖွံဖြိုးရေးဦးစီးဌာနမှ ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းများ ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ပျဉ်ထောင်တွင်း - ဥက္ကံ - ကပြို ကျေးရွာချင်းဆက် လမ်းကွန်ကရစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက် ၉ နာရီချိန်တွင် လပွတ္တာခရိုင်နှင့် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပျဉ်ထောင်တွင်း - ဥက္ကံ - ကပြို ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းအရှည် (၁/၀)မိုင်၊အကျယ်(၁၂)ပေ၊ ထု(၇) လက်မအား လပွတ္တာမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် Stone Cobra Company မှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ စံချိန်စံညွှန်းမီစွာဖြင့် သတ်မှတ်ရက်အတွင်း ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လပွတ္တာခရိုင်နှင့် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာခြင်းဆက် လမ်းပြီးစီးပါက ပျဉ်ထောင်တွင်း ကျေးရွာ၊ ဥက္ကံ ကျေးရွာ၊ ကပြို ကျေးရွာ၊ ကန့်မလာကျေးရွာ၊ ကုလားကုန်းကျေးရွာရှိ ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)