လပွတ္တာမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းနှင့် နှာခေါင်းစည်း(Mask ) အခမဲ့ပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်

လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask )အခမဲ့ပေးဝေခြင်းလုပ်ငန်းများကို ယမန်နေ့ ညနေ (၃)နာရီအချိန်က လပွတ္တာမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရဲတံခွန်အားကစားခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လောက်ကိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင်များနှင့် Mask များကို အခမဲ့ဖြန့်ဝေခြင်းအား အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နှာခေါင်းစည်း Mask များ

ညောင်ဦးခရိုင်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမျာ းဆက်လက်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသား ကျောင်းသူများ အား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်‌ဆေးများ ထိုးနှံပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား/ သူများ၊ ဘုန်းတော်ကြီးသင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများထံမှ သိရသည်။

  မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ် စစ်တုရင်အသင်းနှင့် ဘတ်စကက်ဘော အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

မော်လမြိုင်မြို့၊  Golden River Hotel၌ တိုင်းဒေသကြီး၊ ပြည်နယ် စစ်ဘုရင်ပြိုင်ပွဲတွင် လူငယ်တံစွန်စိုက်ဒိုင်းဆုရရှိခဲ့သည့် မွန်ပြည်နယ် စစ်တုရင်အသင်းနှင့် (3 On 3) ဘတ်စကက်ဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် မွန်ပြည်နယ် ဘတ်စကက်ဘောအသင်းတို့အား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့၀င်၀န်ကြီးများ ဌာနဆိုင်ရာများ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဒိုက်ဦးမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနည်းပညာပေးဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပနွတ်ကျေးရွာအုပ်စု၊ နှင်းပုလဲကျေးရွာဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနည်းပညာပေး သင်တန်းဆွေးနွေးပွဲကျင်းပပြုလုပ်သည်။

မအူပင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ‌အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော ရေလဲကလေးကျေးရွာ၊ ဗိုလ်ချုပ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

တပ်ကုန်းမြို့၌ စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိရန် စာဖတ်ဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်နှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club) အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်

မအူပင်မြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့ အမှတ်(၆) ရပ်ကွက်၊ ဓမ္မသိပ္ပံဘုန်းတော်ကြီး ကျောင်းတိုက်ရှေ့တွင် ယနေ့ နံနက်ပိုင်းက ဆန်၊ ဆီ၊ ဆားနှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများကို ပြည်သူများအား သက်သာသော ဈေးနှုန်းများဖြင့် ဆက်လက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကိုယ့်အားကိုယ်ကိုး ကျေးရွာချင်းဆက်တံတားဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ နောင်ဟူး-ဟိုတင့်လမ်း နောင်တောင်းရွာအနီးရှိ ပျက်စီးသွားသည့် တံတားအား ပြန်လည်ပြုပြင်ပြီးဖြစ်၍ တံတားသစ်ဖွင့်ပွဲကို

လှိုင်းဘွဲမြို့ ဇွဲမာန်ဘော်လုံးအားကစားကွင်း၌ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ  ဆုပေးပွဲအခမ်းနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊   မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ ပေါင်းစုံမိုးရာသီ ဘော်လုံးပြိုင်ပွဲအဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၅) နာရီအချိန်က ဇွဲမာန်ဘောလုံး  အားကစားကွင်း၌ ပြုလုပ်ကျင်းပခဲ့သည်။
Subscribe to