ညောင်တုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်

ညောင်တုန်း စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂ ခုနှစ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ)များအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၄)အုပ်စုမှ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွား (၁၁၄၂)ဦးအတွက် စုစုပေါင်း ငွေကျပ်(၃၄၂၆၀၀၀ဝိ/-)ကို တာဝန်ရှိသူများက ဘိုးဘွားများကိုယ်စား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး ထောက်ပံ့ငွေများအား ဘိုးဘွားများလက်ဝယ်ဆီသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)