ပျဉ်းမနားမြို့နယ် လူထုအ‎‎ခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့က စာရေးဆရာအောင်သင်းရေးသားသည့် ''လက်ဆင့်ကမ်းခဲ့သောလုပ်အားတန်ဖိုး'' စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲတွင် ကျင်းပသည်။

မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ မြန်အောင်မြို့နယ်၊ ရွှေပြည်သာရေနံမြေ ရေနံတွင်းသစ်(တွင်းအမှတ်-၆၈)တူးဖော်မည့် မြေနေရာနှင့် တွင်းအမှတ်(၆၇) ရေနံထွက်ရှိနေမှု၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက်က မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ် စကုမြို့ရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား စားကုန်များနှင့် နှာခေါင်းစည်း Mask များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံထောက်ပံ့ဆောင်ရွက်မှု၊ မင်းဘူး(စကု)မြို့နယ်မှ စေတနာရှင် အလှူရှင်များ ပူးပေါင်းပါဝင် လှူဒါန်းထောက်ပံ့မှုဖြင့်  စကုမြို့အတွင်းရှိ  အခြေခံလူတန်းစားအိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က စကုမြို့၊ ရွှေပန်းရုံကျောင်းတိုက် သုခကာရီဓမ္မာရုံ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မင်းဘူး (စကု)မြို့နယ်မှ စေတနာရှင် အလှူရှင်များ တက်ရောက်၍ ရပ်ကွက်နေပြည်သူများထံ အခြေခံ စားသောက်ကုန်များနှင့် နှာခေါင်းစည်း Mask များ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။ 

မြဝတီမြို့၌ လူငယ်ရေးရာနှင့် ပလတ်စတစ်အန္တရာယ် လျော့နည်းကျဆင်းစေရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့်   စိတ်ဓာတ်ရေးရာ၊   စာရိတ္တရေးရာ မြင့်မား တိုးတက်ကောင်းမွန်စေပြီး အသိပညာဗဟုသုတများ  တိုးပွားစေရေး၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးနှင့် ပလတ်စတစ်အန္တရာယ် လျော့နည်းကျဆင်းစေရေးတို့ကို သိရှိလိုသော ရည်ရွယ်ချက်ဖြင့်  မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ကရင်ပြည်နယ်၊ မြဝတီမြို့ အခြေခံပညာ အထက်တန်းကျောင်း (ရွှေက္ကိုလ်မြိုင်)နှင့် အခြေခံပညာ မူလတန်း(လွန်) ကျောင်း တို့တွင် ယနေ့နံနက် ၉ နာရီခွဲက စတင်ဟောပြောပေးကြောင်း သိရသည်။ 

ငါ့သရောက်မြို့ ပြန်/ဆက်ဦးစီးဌာနတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်တွင် လူကုန်ကူးမှုတာဆီး ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် အငယ်တန်းစာရေး ဒေါ်မာမာခိုင်တို့မှ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ ၆၆/၆) ထည့်သွင်းခြင်းများ အချိန်မီပြီးစီးရေး နေ့စဉ်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များအား e-ID Software Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှု လုပ်ငန်းအား သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးအတွက် နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြောင်းမြမြို့ အ.ထ.က(၂) (ရေတွင်း ရေကန်) ကျောင်းအဝင်လမ်း ကွန်ကရစ်လမ်းခင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ အ.ထ.က(၂) (ရေတွင်းရေကန်) ကျောင်းအဝင်လမ်း ကွန်ကရစ်လမ်းခင်းဆောင်ရွက်နေမှုအား ယနေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်‌ ထောက်ပံ့ငွေ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၈၅၉)ဦးတို့ကို မြိုနယ်လူမှု၀န်ထမ်းဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ပြည်အေးခန်းမ၌ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်၀ယ်သို့လွှဲ‌ပြောင်း ပေးအပ်ခဲ့သည်။

CHIA MOON SPORTS (Myanmar) Co;Ltd အထည်ချုပ် စက်ရုံဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် (Booster Dose) ထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်ရှိ CHIA MOON SPORTS (Myanmar) Co;Ltd အထည်ချုပ်စက်ရုံ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် (Booster Dose) Myancopharm ဆေးကို ယမန်နေ့ နံနက်ပိုင်းက ထိုးနှံပေးခဲ့သည်။

သံတောင်ကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ဆောင်ရွက်ခဲ့သည်။
Subscribe to