စမ်းချောင်း စက်တင်ဘာ ၁၆
စမ်းချောင်းမြို့နယ်အတွင်းရှိ ဟိုတယ်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ယမန်နေ့နံနက်(၁၀)နာရီက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မီးသတ်ဆေးဘူးနှင့်မီးသတ်စနစ်များ လုံလောက်စွာထားရှိခြင်း ရှိ/မရှိ၊ လျှပ်စစ်မီးလိုင်းများနှင့် အချက်ပေးစနစ်များ သတ်မှတ်ချက်များနှင့်အညီတပ်ဆင်ထားခြင်း ရှိ/မရှိစသည့်အချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ခင်ငြိမ်းချမ်းဝင်း