လပွတ္တာ စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ဒေသခံပြည်သူများအား အခြေခံ စားသောက်ကုန်ဖြစ်သော စားအုန်းဆီများကို ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက် ၇ နာရီချိန်က ရောင်းချပေးခဲ့ကြောင်းသိရသည်။
အဆိုပါစားအုန်းဆီများအား အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ အစီအစဉ်ဖြင့် ရရှိခဲ့ခြင်းဖြစ်ပြီး လပွတ္တာခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု့ဖြင့်လပွတ္တာမြို့၊
အမှတ်(၁)ရပ်ကွက်နှင့် လပွတ္တာ(၃)မိုင်မြို့၊ အမှတ်(၁၊၂)ရပ်ကွက်ရှိ ဒေသခံပြည်သူများထံသို့ ဆီတစ်ပိဿာလျှင် (၇၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း၊ ဒေသတွင်း စားသုံးဆီဖူလုံစေရန် ရည်ရွယ်ချက်၍ အိမ်ထောင်စု (၁) စုလျှင် စားအုန်းဆီ (၅၀) ကျပ်သား ၁ဘူးဆီဖြင့် အိမ်ထောင်စု(၄၈၀)စုအား ရောင်းချပေးခဲ့ကြောင်း၊ ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်နေ ဒေသခံပြည်သူများအား စားအုန်းဆီများကို ဆက်လက်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)