ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာသင်တန်း (PPTT-၈/၂၀၂၂) ကျောင်းသား ကျောင်းသူများ ကြိုဆိုပွဲတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပုသိမ်ပညာရေး ဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT-၈/၂၀၂၂) ကျောင်းသား ကျောင်းသူများ ကြိုဆိုပွဲတက်ရောက်ခဲ့သည်။

ညောင်ဦးမြို့နယ်၊ ပုဂံမြို့၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက်ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်လျက် ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ ညောင်ဦးမြို့နယ် ပုဂံမြို့ ရွှေတွင်းရပ်ကွက် ဒေသခံပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်

နတ်မောက်မြို့ရှိ မြို့ပေါ်ရပ်ကွက်လမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်

နတ်မောက်မြို့ပေါ်ရပ်ကွက်များရှိ လမ်းများကို အများပြည်သူသွားလာမှု အဆင်ပြေစေရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ၊ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ဆီဆိုင်မြို့၌  စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၀န်ထမ်းများသည် ပြည်သူများစာဖတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် စာဖတ်ဝါသနာရှင်များ

ကျောင်းသား/သူများ စာအုပ်စာစောင်များ လွယ်လင့်တကူ ဖတ်ရှုနိုင်ရေးအတွက် Mobile Lbrary စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ စာအုပ်စာစောင်များ လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန်အတွက် ရည်ရွယ်၍ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များအား ယမန်နေ့နံနက် ၁၀ နာရီခန့်က ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းငှားရမ်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ရဲဘော်ကြီးကျေးရွာတွင် ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ယာမြေများတွင် ဈေးကွက်ဝင်လျက်ရှိသော ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာပြီး ရဲဘော်ကြီးကျေးရွာတွင် စိုက်ပျိုးထားသော ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

ပန်းတောင်းမြို့နယ် ကြိုးကြာကျေးရွာတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အဆင့်တိုးမြှင့်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကြိုးကြာကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းမှ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲအခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

သာပေါင်းမြို့နယ်တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်ကြား ကျောင်းသား၊ ကျောင်းသူ (၃၃၄)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Second Dose နှင့် Booster Dose ထပ်ဆောင်းထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အခြေခံပညာကျောင်းများရှိ ဒုတိယအကြိမ် ထိုးနှံပြီး(၆)လအကြာပြီး‌သော အသက်(၁၂)နှစ်မှ (၁၈)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ အချိန်က အခြေခံပညာကျောင်းများတွင် ကျောင်းဆေးထိုးစုရပ်များ၌ ကျန်းမာရေးဌာန ဆရာ၊ ဆရာမများက Second Dose နှင့် Booster Doseကာကွယ်ဆေးကို ထပ်ဆောင်း ထိုးနှံပေးလျက်ရှိသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မြို့ပေါ်ရပ်ကွက်များအတွင်း Mask Campaign ဆောင်ရွက်နေမှုအား ကြည့်ရှု 

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ရာ၌ လူစုဝေး၍အသွားအလာများသည့် နေရာများနှင့် လူအများစုဝေးရာ နေရာများတွင် Mask မဖြစ်မနေတပ်ဆင်ရေးအတွက် Mask Campiagn လုပ်ငန်းများကို မြို့နယ်အတွင်း သတ်မှတ်ထားသည့် ရက်များအလိုက် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယမန်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မောင်ငံဈေးနှင့် သံလွင်ဈေးတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြော သရုပ်ပြပွဲနှင့် အားကစားပစ္စည်း လှူဒါန်းခြင်းအခမ်းအနားကျင်းပ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to