(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြု သွေးလှူဒါန်းပွဲ မြစ်ကြီးနားမြို့၌ ကျင်းပ

၂၀၂၂ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့ အမှတ် (၃၀) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး သွေးလှူဒါန်းခန်းမတွင် ကျင်းပခဲ့သည်။

ရေကြည်မြို့နယ်တွင် ရေဝင်ရောက်သောကျေးရွာများသို့ တိရစ္ဆာန်အစာအိတ်များ ဖြန့်ဖြူး ပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် သာမာန်အသုံးစရိတ် ခွင့်ပြုငွေဖြင့်ဝယ်ယူ ဖြန့်ဖြူးပေးခဲ့သော တိရစ္ဆာန်အစာ (၂)မျိုး၊ နွားစာအိတ်(၆၀)အိတ်နှင့်ဝက်စာ အိတ်(၂၀)အိတ်များကို ရေကြည်မြို့နယ်အတွင်း ရေဝင်ရောက်သည့် ကျေးရွာများရှိ တိရစ္ဆာန်များအတွက် လိုအပ်သော အစားအစာများ အထောက်အပံ့ ဖြစ်စေရန် ဖြန့်ဖြူးဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အကပြိုင်ပွဲဝင်များနှင့် တူယှဉ်နွှဲပျော်ဂီတပွဲတော် Season-2တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အဆိုရှင်(၃)ဦးတို့အား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်

မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မွန်ပြည်နယ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အကပြိုင်ပွဲဝင်များနှင့် တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အဆိုရှင်(၃)ဦးတို့အားဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျုံပျော်ခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးဆိုင်ရာ အစည်းအဝေး(၁/၂၀၂၂) ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးဆိုင်ရာ အစည်းအဝေး(၁/၂၀၂၂)ကို ကျုံပျော်ခရိုင် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်သည်။

မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှု့သူအချင်းချင်း တွေ့ဆုံကာ စာပေအသိခြင်း ဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့စာကြည်တိုက်တွင် ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့၌ ကိုဗစ်−၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၅ ရက် နံနက် (၁၁)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to