ပိုင်ကျုံမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်

ပိုင်ကျုံ   စက်တင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှတစ်လလျှင် (၁၀၀၀၀) ကျပ်နှုန်းဖြင့် (၃) လတစ်ကြိမ် ငွေကျပ် (၃၀၀၀၀) နှုန်း ထောက်ပံ့ပေးလျက်ရှိရာ (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) လများအတွက် (၃) လစာ ထောက်ပံ့ငွေများအား ယနေ့နံနက်(၁၁)နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတို့က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

၎င်းထောက်ပံ့ငွေများအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ မိမိတို့သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အလိုက် ဘိုးဘွားများ၏ လက်ဝယ်အရောက် ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ပိုင်ကျုံမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် လူမှုရေးပင်စင်ပေးအပ်ရသည့် ဘိုးဘွားစုစုပေါင်း (၃၅၉) ဦးရှိကြောင်း မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

နော်ခူး (ပြန်/ဆက်)