အောင်လံမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

အောင်လံ စက်တင်ဘာလ ၁၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ အထက(ပြလို့)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိန်းက လူငယ်နှင့်ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး မြို့နယ်အားကစား နည်းစနစ်မှူး ဦးဝင်းဇော်အေးက အားကစားသိပ္ပံသင်တန်းသား ရွေးချယ်တက်ရောက်နိုင်မှု လူရည်ချွန်ရွေးချယ်ခြင်း ခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်းဟောပြောဆွေးနွေးကာ ကိုယ်ကာယကြံ့ခိုင်မှု လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ပြီး ကျောင်းသား/ သူများအတွက် ပိုက်ကျော်ခြင်းနှင့်ပိုက်၊ ဘောလီဘော စသည့်အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးသိန်း (ပြန်/ဆက်)