ငါန်းဇွန် စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)မှ မြင်းခြံကျော်အောင်(ခ)သန်းထက်စံ၏ “ကြီးပွားအောင်မြင်အောင်ပန်းကိုဆင်” စာအုပ်အား လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ အဖွဲ့ဝင် ဒေါ်ခင်လေးရီ၊ မအေမီမီဖြိုး၊ မချိုဇင်ထက်နှင့် မောင်ဇေယျာဦးတို့က “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှုနားလည်မှုများကို ရှင်းလင်းဆွေးနွေးပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှ အသင်းဝင်များ နှင့်အတူ အလယ်တန်းအဆင့် ကျောင်းသား/သူများကလည်း အပြန်အလှန်ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)