သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

သာစည် စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ရေး (Mask Campaign)  လှုပ်ရှားမှုနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ လိုက်နာကြရန် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မယ်ဇလီကန် အခြေခံပညာ အထက်တန်းကျောင်းနှင့် လှိုင်းတက်ကျေးရွာတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က မယ်ဇလီကန်အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား/သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask)  ၁၁၀၀ ခုကို   ဖြန့်ဝေပေးပြီး    စနစ် တကျတပ်ဆင်ရန်နှင့် နေအိမ်ပြင်ပထွက်သည့်အခါတိုင်း တပ်ဆင်ကြရန်အသိပညာပေးခြင်းများ  ဆောင်ရွက်သည်။

ထို့နောက် လှိုင်းတက်ကျေးရွာတွင် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံကြရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းကို  နေအိမ်ပြင်ပထွက်သည့်အခါတိုင်း  စနစ်တကျ တပ်ဆင်ရန်နှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ လိုက်နာကြရန် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ပြီး လှိုင်းတက်ဈေး၌ ပါးစပ်နှင့် နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။                                                                                           

မြို့နယ် (ပြန်/ဆက်)