ကန့်ဘလူမြို့၌ ဆန်၊ ဆီ နှင့်အခြားစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေး

အခြေခံပြည်သူများ၏ နေ့စဉ်လူနေမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ဆန်၊ ဆီ နှင့်အခြား စားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ကန့်ဘလူမြို့ အမှတ်(၄) တောင်ပိုင်း ရပ်ကွက် မဟာဗန္ဓုလလမ်းဘေး ဦးဝင်းရွှေနေအိမ်ရှေ့နှင့် အမှတ်( ၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တို့တွင် စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြဝတီခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ် မြတ်နိုးသူ (Book Club) အသင်းဝင်များစုပေါင်း၍ ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  စာရေးဆရာ ချစ်စံဝင်းရေးသားသည့် “စိတ်စည်းကမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ကြသည်။

ကာလိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့ပူးပေါင်းပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ကို ယနေ့နေ့လည် (၁၂) နာရီအချိန်တွင် Online မှတစ်ဆင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အသိပညာပေးလုပ်ငန်းများ လွှင့်တင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးနိုးဆော်၍ အသိပညာပေး လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနိုးဆော်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ(အိုမီခရွန်)နှင့် ပတ်သတ်၍ သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များ၊  နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းကို

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊‌ တောင်တွင်းကြီးတပ်နယ်မှ အခြေခံစားသောက်ကုန်နှင့် အသားငါးများ၊ ဟင်းသီးဟင်းရွက်များအား စျေးနူန်းသက်သာစွာဖြင့် ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊‌‌ တောင်တွင်းကြီးမြို့၊ မြို့မဈေးကြီးအနီး၊‌ ဖောင်တော်ဦးဘုရားရှေ့တွင် ယနေ့နံနက် (၇) နာရီအချိန်မှစတင်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်တွင်းကြီးတပ်နယ်မှ ပြည်သူလူထု စားဝတ်နေရေးအဆင်ပြေမူရှိစေရေးအတွက် အခြေခံစား‌သောက်ကုန်နှင့် အသားငါးများ၊ ဟင်းသီးဟင်းရွက်များအား စျေးနူန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်း၊ မြစန္ဒီခန်းမတွင် အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ကုန်ကျိုင်းကျေးရွာအုပ်စု၊ ဟန်လွှဲကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးကုန်စည်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ကုန်စည်စျေးနှုန်းများ မြင့်တက်နေမှုကို ထိန်းချူပ်နိုင်ရေးအတွက် ပြင်ပပေါက်စျေးထက် သက်သာသော နှုန်းထားများဖြင့် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ဗိုလ်ချူပ်လမ်းဆုံနှင့် ဘိသလွန်ကျေးရွာတို့တွင် စားသုံးကုန်စည်များ ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
Subscribe to