ကျွန်းလှ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော၊ စာဖတ်ဝိုင်းနှင့် ပြပွဲပြိုင်ပွဲများ ကျင်းပကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက “လူငယ်နှင့် စာအုပ်စာပေ” ခေါင်းစဉ်ဖြင့် လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာခြင်းကြောင့် အမှားနှင့် အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ အသိပညာဗဟုသုတရရှိခြင်း၊ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ၊ ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာဖေမြင့် ရေးသားသည့် ဦးနှောက်နှင့် နှလုံးသားစာအုပ်မှ “ဂုဏ်သိက္ခာရှိသူများထားကြသည့် ကတိစကား” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြီး အပြန်အလှန် ဆွေးနွေးကြသည်။
ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စိတ်ကြိုက်ပုံဆွဲပြိုင်ပွဲများ ကျင်းပြပြီး ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို