တံတားဦး စက်တင်ဘာ ၁၆
တံတားဦးခရိုင် တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် နကျော်ဒရပ် သုခိတကမ္ဘောဇဗိမာန်အတွင်းရှိ အောက်ဆီဂျင် စက်ရုံလည်ပတ်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၁၀)နာရီက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက အောက်ဆီဂျင်စက်ရုံမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နေစဉ်ထုတ်လုပ်နိုင်မှုအခြေအနေနှင့် ရေရှည်တည်တံ့လည်ပတ်နိုင်ရေး စီစဉ် ဆောင်ရွက်ထားရှိမှု၊ အောက်ဆီဂျင် လိုအပ်ချက်ရှိသူများကို အောက်ဆီဂျင်အိုးများ ငှားရမ်းဆောင်ရွက်မှု အခြေအနေများကို မေးမြန်းပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
တံတားဦးမြို့နယ်တွင် မြို့မိမြို့ဖများ၏ ဦးဆောင်မှုဖြင့် စေတနာရှင်အလှူရှင်များ၏ ထောက်ပံ့လှူဒါန်းမှုဖြင့် အောက်ဆီဂျင်စက်ရုံကို တည်ဆောက်ထားရှိပြီး အောက်ဆီဂျင်စက်ရုံမှ နာရီပေါင်း (၂၀) နာရီတွင် အောက်ဆီဂျင် (၄၀) လီတာအိုး အလုံးပေါင်း(၈၀)ကို ထုတ်လုပ်နိုင်ရုံမက ပိုလျှံတဲ့အတွက် အခြားမြို့ရွာ များကိုလည်း လှူဒါန်းပေးနိုင်ပါကြောင်း မြို့နယ်သူမြို့နယ်သားများစုပေါင်းပြီး မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံကို တည်ဆောက်ခြင်းဖြစ်ကြောင်းသိရပြီး အောက်ဆီဂျင်လိုအပ်သူများအတွက် အောက်ဆီဂျင်များကို အလှူငွေထည့်ဝင်စေ၍ ကူညီဆောင်ရွက်ပေးလည်းသိရသည်။
ရဲတင့်