ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများဖြန့်ဝေ

မောင်တော စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများက ယနေ့ နံနက် ၉ နာရီအချိန်  မြို့အတွင်းသို့ ဝင်ရောက်လာကြသော လမ်းသွား လမ်းလာ ပြည်သူများအား  နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဦးဆောင်၍  မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက  ကိုဗစ်-၁၉​ရောဂါကူး စက်ပြန့်ပွားမှုမရှိ​စေ​ရေး၊ ကာကွယ်ထိန်းချုပ် နိုင်​ရေးအတွက် မြို့ဝင်ဝစစ်ဆေးရေးဂိတ်တွင်  မြို့အတွင်းသို့ ဝင်ရောက်လာသော ယာဉ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ကုန်တင်ယာဉ်ကြီးများနှင့် လိုက်ပါလာသော ပြည်သူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ပြည်သူများအနေဖြင့် အိမ်ပြင်ထွက်ပါက နှာခေါင်းစည်း Mask များ စနစ်တကျ တင်ဆင်၍ သွားလာကြရန် ပြောကြားပြီး မြို့နယ်အတွင်း အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး နှာခေါင်းစည်း Mask  (၁၅၀၀)ခုအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အောင်ကျော်စိန်၊ သက်လွင်စိုး

ခရိုင်(ပြန်/ဆက်)