ပန်းတောင်း စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း ပြည်သူများအား ကိုဗစ် ၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၇:၀၀)က ပန်းတောင်းမြို့နယ်အတွင်း ပန်းတောင်း၊ ဝန်လို၊ မင်းရပ် ရပ်ကွက်ရှိစည်ပင်သာယာစျေးများတွင် စျေးရောင်းစျေးဝယ်သူများအား ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့သည်။
အဆိုပါကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးစုရပ်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးအေးကြိုင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးတို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးကို ကာကွယ်ဆေးထိုးနှံပြီး ၆လနှင့်အထက်ရှိသူများအား ထိုးနှံပေးလျက်ရှိရာ ပန်းတောင်းမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများအတွင်း စျေးရောင်းစျေးဝယ်များနှင့် ပြည်သူများအား လေးရက်တစ်ကြိမ် ဆက်လက်ထိုးနှံပေးမည် ဖြစ်သည်။
အလားတူ ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင်လည်း နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများတွင်လည်း အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)