မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ Book Club နှင့် စာဖတ်ဝိုင်းကျင်းပ

မန်တုံ စက်တင်ဘာ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီ အချိန်က ဒို့ကျေးရွာ ဂျာနယ် အတွဲ(၁၉)၊ အမှတ်(၁၅)စာစောင်မှ စာရေးဆရာ ဒေါက်တာ  လွင်သန့် ရေးသားသည့် “အအေးမိတုပ် ကွေးဖျားနှင့် လိုအပ်သောအာဟာရ” ခေါင်းစဉ်ဖြင့် Book Club နှင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိဒေါ်ယုယုအောင်က   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများ၌ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်တတ်ရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေမှရရှိသော ဗဟုသုတများဖြင့်အများ အကျိုးဆောင် ရွက်နိုင်စေရန်၊  လူတိုင်းစာဖတ်ခြင်းအလေ့အထ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒေါ်လဲ့လဲ့အောင်(Book Club အတွင်းရေးမှူး)မှ  တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်ဟာ မိုးတွင်း ကာလမှာ အဖြစ်များလာကြောင်း၊ ဖြစ်ပေါ်လာတဲ့ တုပ်ကွေးဗိုင်းရပ်(A/H1N1)ပေါ်မူတည်၍ နှစ်စဉ်တုပ်ကွေး ကာကွယ်ဆေး တီထွင်ထုတ်လုပ်ကာ နှစ်စဉ်ထိုးနှံဖို့လိုအပ်ကြောင်း၊ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်ပိုးက အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်တာကြောင့် လူထုထပ်တဲ့နေရာသွားရင်၊ အလုပ်လုပ်ကိုင်ရရင်၊ ကိုယ်ခံအားနည်းချိန်နဲ့ ကြုံကြိုက်တဲ့အခါ တုပ်ကွေးဗိုင်းရပ် အလွယ်တကူ ကူးစက်နိုင်ကြောင်း၊ ဗိုင်းရပ်ပိုး ကူးစက်ခံရပြီး တုပ်ကွေးဖြစ်တဲ့အခါ ခံစားရတဲ့ရောဂါလက္ခဏာတွေကို သက်သာစေဖို့ အာဟာရဓာတ်တွေ ဖြည့်ဆည်း ဖို့လိုအပ်ကြောင်းအစရှိသည့်စာပိုဒ်အားလည်းကောင်း၊  ဒေါ်မာဘောက်(Book Clubအဖွဲ့ဝင်)မှ ဗီတာမင်စီက အအေးမိတုပ်ကွေးလက္ခဏာတွေကို သက်သာ စေဖို့ အာဟာရဓာတ်တွေဖြည့်ဆည်းဖို့ လိုအပ်ကြောင်း၊ ဗီတာမင် စီကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေးရင် ခန္ဓာကိုယ်ခုခံစွမ်းအား မြင့်မားပြီးပိုးမွှားတွေ ဝင်ရောက် ကူးစက်မှုမရှိအောင် တားမြစ်ပေးကြောင်း၊ ဗီတာမင်စိကြွယ်ဝတဲ့အစာတွေက အချဉ်ဓာတ်ပါတဲ့ သံပုရာသီး၊ ရှောက်သီး၊ ချဉ်ပေါင်၊ ကင်ပွန်းတို့ဖြစ်ပါတယ်။ ဗီတာမင်ဒီကလည်း အအေးမိတုပ်ကွေးလက္ခဏာတွေ သက်သာ စေပါတယ်။ မနက်ခင်းနေရောင်ခြည်နဲ့ ထိတွေ့တာ၊ ဗီတာမင်ဒီဖြည့်စွက်အစာတွေ စားသုံးတာ၊ ပင်လယ်ငါး စတာတွေ စားသုံးတာကနေ ဗီတာမင်ဒီကိုရယူနိုင်ကြောင်း အစရှိသည့် စာပိုဒ်အားလည်းကောင်း၊ ဒေါ်သဇင်ညွန့် (Book Clubအဖွဲ့ဝင်) မှ ကိုယ့်အိမ်မှာ မိသားစုဝင်တစ်ယောက်ကစပြီး တုပ်ကွေးဖြစ်ပြီဆိုရင် တစ်မိသားစုလုံး ကူးစက်နိုင်ခြေရှိလို့အပြင်ကို သွားလာနေသူတွေအနေနဲ့ ရုံးသွား၊ ကျောင်းသွား၊ ဘတ်စကားစီးသူ၊ စျေးဝယ် သွားသူအနေနဲ့ အထူးပဲဂရုစိုက်ကြဖို့ လိုအပ်ပါကြောင်း အစရှိသည့် စာပိုဒ်ပါ အကြောင်းအရာအားလည်းကောင်း ဖတ်ကြားပြီး  ကျန်အဖွဲ့ဝင်များမှ ဇင့်ဓာတ်ဟာ အအေးမိတုပ်ကွေးရောဂါ သက်သာပျောက်အောင် ကူညီပေးကြောင်း၊ အိမ်တွင်းတုပ်ကွေး ကူးစက်မှုနည်းအောင် နေထိုင်ဖို့လိုအပ်ကြောင်း၊ ပြင်သစ်ထုတ်ကို နှစ်စဉ် ထိုးနှံသင့်ကြောင်း အစရှိသည်တို့ကို ဖတ်ကြားခဲ့ကြသည်။

မန်တုံ(ပြန်/ဆက်)