အုတ်ဖိုမြို့မစျေးအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး

အုတ်ဖို စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ မြို့မစျေးအတွင်း၌ စျေးသူစျေးသားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး  (Booster Dose) ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံထားပြီး() ပြည့်ပြီးသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး (Booster Dose) ထိုးနှံခြင်းနှင့် တတိယအကြိမ်ထိုးနှံပြီး () ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး  (SecondBooster Dose) ထိုးနှံပေးခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးသက်ဝင်းမှ ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မြို့နယ်စည်ပင်အမူဆောင်အရာရှိ ဦးဖြိုးဝေအောင်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အုတ်ဖို မြို့နယ်ကျန်းမာရေးဦးစီးဌာန အနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူစည်ကားရာနေရာများနှင့် လမ်းဆုံလမ်းခွများတွင် ဌာနဆိုင်ရာတာဝန်ရှိသူများမှ နှာခေါင်းစည်း စနစ်တကျတပ်ဆင်သွားလာရေးနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို နေစဉ်အလှည့်ကျ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

အောင်သူ