လက်ပံတန်းမြို့နယ်၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ(ထပ်ဆောင်း) ကာကွယ်ဆေး(Booster Dose) ထိုးနှံပေး

လက်ပံတန်း စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ယနေ့နံနက် ၉ နာရီက မြို့နယ်စည်ပင်သာယာ မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါ(ထပ်ဆောင်း)ကာကွယ်ဆေး (Booster Dose) များ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် သတ်မှတ်အသက်နှင့်ကိုက်ညီပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပြီးသောပြည်သူများ၊ တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ(ထပ်ဆောင်း) ကာကွယ်ဆေး(Booster Dose)ထိုးနှံပြီးသော ပြည်သူများအား ကာကွယ်ဆေး အပြည့်အဝထိုးနှံနိုင်ရေးအတွက် ဈေးခေါင်းရုံးတွင် စုရပ်ပြုထိုးနှံပေးခြင်းဖြစ်ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးပေးခြင်းကို လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး၊ စေတနာ့ဝန်ထမ်းများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)