စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကွယ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၁:၃၀)နာရီက မြို့နယ်အတွင်းရှိ ဗားကရာလမ်း၊ ပြည်လမ်း၊ ရှင်စောပုလမ်းတလျှောက် အများပြည်သူများသွားလာရာနေရာများတွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ)သင်တန်း(၄)မျိုးနှင့် အဟန့်အတားမဲ့ ခရီးသွားလုပ်ငန်း (Barrier Free Tourism) ဝန်ဆောင်မှုလုပ်ငန်း သင်တန်းများဆင်း

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ကရင်ဇုန်)တို့ ကြီးမှူး၍ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ)သင်တန်း(၄)မျိုးနှင့် အဟန့်အတားမဲ့ခရီးသွားလုပ်ငန်း(Barrier Free Tourism) ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့ Than Lwin Paradise Hotel တွင် ကျင်းပသည်။

အုတ်တွင်းမြို့နယ်၌ ဒေသခံ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ Booster Dose ထပ်ဆောင်း ကာကွယ်ဆေး  ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ ရော ဂါကူးစက်ပြန့်ပွားမှုအား ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက်

အုတ်တွင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အသိပညာ‌ပေးဆွေးနွေးပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အသိပညာ‌ပေးဆွေးနွေးပွဲကို မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ညောင်ပင်ကြီးကျေးရွာရှိ

ရန်ကုန်မြိုတော်ဝန် ဦးဗိုလ်ဋ္ဌေး ကမာရွတ်မြို့နယ်ပြည်လမ်း ကတ္တရာကွန်ကရစ်ခင်းကျင်းနေမှု ကြည့်ရှုစစ်​ဆေး

ရန်ကုန်တိုငိး​ဒေသကြီး၊ စည်ပင်သာယာ​ရေးဝန်ကြီး၊ ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်​ဌေးသည် ဒုတိယမြို့​တော်ဝန်၊ အတွင်း​ရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယ​နေ့နံနက်ပိုင်းက ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမကြီးအား ကတ္တရာကွန်ကရစ်ခင်းခြင်း​ဆောင်ရွက်​နေမှုကို သွားရောက် ကြည့်ရှုစစ်​ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့​ကြောင်းသိရှိရပါသည်။

ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မူလတန်းအဆင့် ပန်းချီဆွဲ ပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့နံနက် ၁၀နာရီအချိန်က မူလတန်းအဆင့် ကျောင်းသာ၊ ကျောင်းသူများအတွက် ပန်းချီဆွဲပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးပြီး အသိပညာပေး နံရံကပ်စာစောင်များကို

ဘားအံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင်  ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ အားလပ်ချိန်များတွင် ပြင်ပဗဟုသုတများ  ရှာဖွေဖတ်ရှုနိုင်ရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်မှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့်

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၀/၂၀၂၂) တက်ရောက်၊ အိမ်ထောင် စုလူဦးရေစာရင်း ပုံစံ ၆၆/၆ များ Main Server အတွင်းထည့်သွင်းနေမှုများ ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၀/၂၀၂၂)ကို ယမန်နေ့နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင် ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌  ယနေ့နံနက် ၁၀ နာရီက ရေးသူ/ဖတ်သူ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

မိုးမောက်မြို့နယ် အ.လ.က(ခွဲ)အောင်မြေကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ မိုးမောက်မြို့၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက အ.လ.က(ခွဲ)အောင်မြေကျောင်းခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to