စုကလိမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် BA.4 နှင့်BA.5 ရောဂါ ကာကွယ်ရေး နည်းလမ်းများအား အသိပေးနှိုးဆော်မှုများ ဆောင်ရွက်

စုကလိ စက်တင်ဘာ ၁၆

ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်‌မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ်‌ရေးနည်းလမ်းများနှင့် ကိုဗစ်-‌၁၉‌ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်စေရေးအတွက် မိဘပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေဖို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်း အချိန်ကစုကလိမြို့ ရပ်ကွက်တွင် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည်။

ကိုဗစ် ၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့် အချက်များကို နှိုးဆော်ပေးရာတွင် မျိုးကွဲသစ် အိုမီခရွန် မျိုးစိတ်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရဖူးသူများလည်း ပြန်လည်ကူးစက်နိုင်ခြင်း၊ ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေးများ ထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှု၊ ရောဂါပြင်းထန်မှုများကို ထိရောက်စွာလျှော့ချနိုင်ခြင်းတို့‌ကြောင့် ကိုဗစ်ကာကွယ်ဆေးများကို ကြိမ်နှုန်းပြည့် ထိုးနှံကြရန်နှင့် ကလေးများနှင့်အသက် ၃၀ နှစ်အောက် လူငယ်များ၌ ပိုမို ကူးစက်နိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ ပြင်ပသို့ထွက်ခွာပါက ပါးစပ်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သွားလာကြရန် ပြင်ပမှလာသောဧည့်သည်များအား လက်မခံပါရန်၊ ပါးစပ်နှာခေါင်းစည်း မတပ်သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ကြရန်၊ တစ်ခုခုကိုကိုင်တွယ်ပြီး တိုင်းလက်ကိုဆပ်ပြာနှင့်စက္ကန့် ၂၀ ကြာအောင် မကြာခဏ စနစ်တကျဆေး‌ကြောရန်နှင့်မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှုခံယူရန်စသည့် ဆောင်ရန်/ရှောင်ရန် နည်းလမ်းများကို အသိပညာပေး တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။

ပိုပိုအောင်