ကော့မှူးတွင် နှာခေါင်းစည်း Mask များဖြန့်ဝေခြင်းနှင့်အသိပညာပေးမှုများဆောင်ရွက်

ကော့မှူး စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး‌၊ ကော့မှူးမြို့နယ်အတွင်း ဖြတ်သန်းသွားလာကြသော ပြည်သူများအနေဖြင့် နှာခေါင်းစည်း Mask များဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့အသိပညာ‌ ပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဒေဝ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးသူနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့တင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်- ၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်သော‌မော်တော်ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့်ပြည်သူများနှင့် လမ်းသွားလမ်းလာများအား နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask မတပ်ဆင်သူများအားနှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျော်သူရ ပြန်/ဆက်