မင်းဘူးမြို့ ကုလားကုန်းအဝိုင်းပတ်၌ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ ကုလားကုန်း အဝိုင်းပတ်တွင် ဆောင်ရွက်ခဲ့ကြသည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် နိုင်ငံ့ဝန်ထမ်း အသက်အာမခံလုပ်ငန်းဆိုင်ရာ ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးမြို့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ နိုင်ငံ့ဝန်ထမ်းအသက်အာမခံလုပ်ငန်းဆိုင်ရာ သိမှတ်ဖွယ်ရာဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။

မင်းဘူးမြို့၌ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၌ ပြည်သူများ ဗီဇပြောင်း ကိုဗစ် - ၁၉ အိုမီခရွန်ရောဂါ ကူးစက်မှုအန္တရာယ် ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် နေအိမ်ပြင်ပသွားလာရာ၌ နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွားလာရေး ပညာပေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီက မင်းဘူးမြို့မစည်ပင်သာယာဈေးအနီး ကုလားကုန်းပေါင်းထိပ် မြို့တွင်းမိန်းလမ်းမကြီးတွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။

အရာတော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask  Campaign ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၈)နာရီက စည်ပင်သာယာမြို့မစျေးနှင့် ရွှေဘို-အရာတော်-မုံရွာ ကားလမ်းမတစ်လျှောက်တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မိုဘိုင်းစနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ်များ အခမဲ့ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယမန်နေ့နေ့လယ်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ စာတိုက်လုပ်ငန်းသို့  မိုဘိုင်းစနစ်ဖြင့် စာအုပ်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။

ဟင်္သာတမြို့နယ်တွင် ဆောင်းသီးနှံနေကြာ တိုးချဲ့စိုက်ပျိုးမည့်တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့်အဖွဲ့သည်  ယမန်နေ့ညနေ ၆ နာရီက  ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ရောက်ရှိလာပြီး ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံ နေကြာတိုးချဲ့စိုက်ပျိုးမည့်လုပ်ငန်းနှင့်ပတ်သက်၍ ဒေသဆိုင်ရာတာဝန်ရှိသူများ တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများက  ယမန်နေ့နံနက် ၉ နာရီအချိန်  မြို့အတွင်းသို့ ဝင်ရောက်လာကြသော လမ်းသွားလမ်းလာပြည်သူများအား  နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များကို ဝတ်စုံများထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များကို ဝတ်စုံများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၃ နာရီချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးသန့်ဇင်ကိုကိုတက်ရောက်

မကွေးတိုင်းဒေသကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ(၄)နာရီအချိန်က တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to