မတ္တရာ စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်းများတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၇ နာရီက မတ္တရာမြို့မဈေးတောင်ဘက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် Mask နှာခေါင်းစည်း (၂၀၀၀) ခုကို ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဝေငှခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိမှုများ ပြန်လည်မြင့် တက်လာနေပြီဖြစ် သည့်အတွက် နေအိမ်အပြင်သို့ထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေး အသိပညာပေး ပြောကြားခဲ့ကြကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရန်အတွက် ကြိုတင်ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)