ပေါင်းတည်မြို့မစျေးကြီး စျေးတာဝန်ခံရုံးခန်းတွင် အသက်(၁၈)နှစ်အထက် စျေးသူစျေးသားနှင့် စျေးဝယ်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dos ထိုးနှံပေး

ပေါင်းတည် စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ မြို့မစျေးကြီးအတွင်းရှိ စျေးတာဝန်ခံရုံးခန်းတွင် ယနေ့နံနက်ပိုင်း က အသက်(၁၈)နှစ်အထက် စျေးသူစျေးသားများနှင့် စျေးဝယ်ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း Booster Dose ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ထပ်ဆောင်းကာကွယ်ဆေးအား ထိုးနှံပေးရာတွင် အသက်(၁၈)နှစ်အထက် စျေးသူစျေးသားများနှင့် စျေးဝယ်ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)အမျိုးအစားကို ကျန်းမာရေးဦးစီးဌာနမှ တာဝန်ကျ ဘက်စုံသားဖွားဆရာမ ဒေါ်ဆွေဆွေဦး က ကြီးကြပ်ကာ စျေးရုံတာဝန်ခံ ဦးစောထွန်းကြည်နှင့် အဖွဲ့တို့ပူးပေါင်း၍ ထိုးနှံပေးခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် ()ဦး၊ ပထမအကြိမ် Booster Dose ထိုးနှံသူ (၆၁)ဦးနှင့် ဒုတိယအကြိမ် Booster Dose ထိုးနှံသူ (၂၁)ဦးတို့အား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)အမျိုးအစား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)