ဖားဆောင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံ ကွင်းဆင်းဆောင်ရွက်

ဖားဆောင်း     စက်တင်ဘာ     ၁၆

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ()ကြောင်းဖြင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ပြည်သူလူထု၏လိုအပ်ချက်များ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ မြောက်ပိုင်းရပ်ကွက်ရှိ ဒေသခံပြည်သူများအား ဖားစည်သံလွင်ခန်းမ၌ သွားရောက်တွေ့ဆုံ ဆွေးနွေးခြင်း ပြည်သူလူထုလိုအပ်ချက်များ ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကယားပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထုများကို ဖားဆောင်းမြို့ တောင်ပိုင်းရပ်ကွက်ရှိ ဓမ္မသိဒ္ဓိသိမ်ကျောင်း ဆရာတော် ဘဒ္ဒန္တအာဒိစ္စနှင့်မြောက်ပိုင်းရပ်ကွက်ရှိ မွေတော်ပရိယတ္တိစာသင်တိုက် ဆရာတော် ဝရဓမ္မထံသို့  ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မြောက်ပိုင်းရပ်ကွက်ရှိ ဖားစည်သံလွင်ခန်းမ၌ ဒေသခံပြည်သူများတွင် တွေ့ဆုံခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ဒေသခံပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ မွေးမြူရေး၊ လယ်ယာစိုက်ပျိုးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ပြီး၊ အဖွဲ့ဝင် ဗိုလ်မှူးစဝ်အောင်သူငြိမ်းမှ လုံခြုံရေးနှင့်ပတ်သက်၍ ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီး မသင်္ကာသူများတွေ့ရှိပါက သက်ဆိုင်ရာများသို့ ဆက်သွယ်အကြောင်းကြားရန်၊ ဒေသခံပြည်သူများစည်းလုံးညီညွှတ်မှုရှိမှ မိမိရပ်ရွာအေးချမ်းသာယာဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်းတို့ကိုလည်းကောင်း၊ သက်ဆိုင်ရာစစ်ကြောင်းကြီး ()ကြောင်းမှ ဌာနဆိုင်ရာအသီးသီးကလည်း မိမိတို့ဌာနများအနေဖြင့် ဒေသဖွံ့ဖြိုးလုပ်ငန်းဆိုင်ရာများအား ကဏ္ဍအလိုက် ဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းများကိုလည်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဆက်လက်၍  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (က)(၁၀)ဦး၊ အသက်(၁၈)နှစ် ပြည့်နိုင်ငံသားစိစစ်ရေးကဒ်ပြား လဲလှယ်(၁၁)ဦး၊ မိတ္တု(၁၁)ဦး၊ အိမ်ထောင်စုမိတ္တူ (၂၉)စု၊ မွေးတိုး()ဦး၊ သေဆုံး()ဦးတို့ကို ဆောင်ရွက်ပေးပြီး လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအိဖြူသွယ်နှင့် ဝန်ထမ်းများ၊ အမှတ်(၁၃၅)ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီးစိုးဇော်ထက် (ဆေးမှူး)တို့မှ ဒေသခံပြည်သူ(၂၁)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက်()နှစ်မှ (၁၀)နှစ်အရွယ် အမျိုးသမီးငယ်နှင့် ကျောင်းသူ(၁၇)ဦးတို့အား (HPV)သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဒေသခံပြည်သူ (၂၂)ဦးအား အထွေထွေရောဂါကုသပေးခြင်းနှင့် လူမှူဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား ()ဦးတို့အား ဒုတိယ၃လပတ် (ဇူလိုင်၊သြဂုတ်၊စက်တင်ဘာ)လများအတွက် လူမှုရေးပင်စင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင်(ဖားဆောင်း)