ဒိုက်ဦးမြို့နယ် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀) နာရီတွင် အ-ထ-က ၂၊ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်သည်။