တောင်ဥက္ကလာပ စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၊ သူရလမ်းမပေါ်တွင် ယနေ့နံနက် (၈:၃၀)အချိန်က ကိုဗစ်-၁၉ ရောဂါပိုး စောင့်ကြည့်ထိန်းချုပ်နိုင်ရေးနှင့် ရဟန်းရှင်လူ ခရီးသွားပြည်သူများ၊ အခြေခံစားသောက်ကုန် လာရောက်ဝယ်ယူကြသော ဒေသခံမိဘပြည်သူများ နေအိမ်မှပြင်ပသို့ထွက်ခွာသည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေး ရည်ရွယ်၍ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအပေါ် ပြည်သူများလိုက်နာကြရန်နှင့် နှာခေါင်းစည်း (Mask)စနစ်တကျ တပ်ဆင်ရေး အသိပညာပေးကာ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုးဝဏ္ဏထွန်း(ပြန်/ဆက်)