ကော့မှူး၌ လုံခြုံရေးတရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ကော့မှူး စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများလုံခြုံရေးတရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေနိုင်ရေးအတွက မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ယနေ့နံနက်က ၁၀ နာရီက သမင်ခြံကျေးရွာတွေ့ဆုံပွဲတွင် ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဒေဝ၊ အဖွဲ့ဝင်()ဗိုလ်မှူးထွန်းဇော်မင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးသူ၊ မြို့နယ်ပညာရေးမှူးဒေါ်နုနုကြည်နှင့်တာဝန်ရှိသူများက ကျေးရွာနေပြည်သူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်()ရပ်၊ ဦးတည်ချက်()ရပ်အတိုင်းဆောင်ရွက်နေမှုများ၊ လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေး၊စီးပွားရေး၊ လူမှုရေးကျန်းမာရေးအတွက်ဆောင်ရွက်မှုများ၊ ကျေးရွာနေပြည်သူများအားပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအားဘက်ပေါင်းစုံမှကူညီပေးနေသကဲ့သို့ မိမိတို့အနေဖြင့်လည်းပြည်သူများသိရှိနိုင်စေရန် နိုင်ငံရေးအခြေအနေမှန်များ၊ ပညာရေးကိစ္စရပ်များ၊ ကျန်းမာရေးကိစ္စရပ်များ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုတို့ကိုသက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ပြီးတက်ရောက်လာသည့် ကျေးရွာနေပြည်သူများ၏ မေးမြန်းတင်ပြချက် လိုအပ်ချက်များအပေါ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဒေဝ၊ အဖွဲ့ဝင်()ဗိုလ်မှူးထွန်းဇော်မင်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ကျော်သူရ ပြန်/ဆက်