ပေါက်ခေါင်း စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ပေါက်ခေါင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဖြိုးသူမောင်က စီမံကိန်းလုပ်ငန်းများ ပြင်ဆင်ဖြည့်စွက်မည့်လုပ်ငန်းများနှင့် မြို့နယ်ဌာနဆိုင်ရာများမှလုပ်ငန်းစီမံချက်များ ရေးဆွဲရာတွင် အမှန်တကယ်အကျိုးရှိပြီးတော့ ထိရောက်မှုရှိဖို့နဲ့ နိုင်ငံတော်ရဲ့ဘတ်ဂျက်တွေဖြစ်သည့်အတွက် ထိထိရောက်ရောက်အသုံးချပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို သက်ဆိုင်ရာရည်ရွယ်ချက် ရည်မှန်းချက်တွေနဲ့ ထိရောက်သည့်လုပ်ငန်းများဖြစ်ဖို့လိုအပ်ကြောင်း ဦးစွာပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များအား ပြန်လည်ပြောကြားခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (First Booster Does)နှင့် (second Booster Does) ထိုးနှံနိုင်ရေးကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးပူးပေါင်းဆောင်ရွက်ရန်နှင့် မြို့မဈေးအတွင်းကာကွယ်ဆေးထိုးပေးနိုင်ရန် ကြိုတင်စီမံဆောင်ရွက်ထားရှိရေး၊ လယ်ယာမြေများ ပလပ်မြေများမရှိစေရေးကြပ်မတ်ဆောင်ရွက်ရေး၊ လျှပ်စစ်ကြွေးကျန်၊ စိုက်ဘဏ်ကြွေးကျန်နှင့် သမကြွေးကျန်ကိစ္စများသက်ဆိုင်ရာဌာနများမှ ကြီးကြပ်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)