သုံးခွမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

သုံးခွ စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှလူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်သိရသည်။

သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်ထောက်ပံပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က သုံးခွမြို့နယ်တွင် သက်ကြီးဘိုးဘွား(၇၄၁)ဦးရှိပြီး ဒုတိယသုံးလပတ်အတွက် ထောက်ပံငွေများပေးအပ်ခြင်းဖြစ်ပါကြောင်း သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများကလည်း သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်သွားမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

သုံးခွမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ (ဇူလိုင်၊သြဂုတ်၊စက်တင်ဘာ) ဒုတိယသုံးလပတ်အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ်(၃၀၀၀၀) နှုန်းဖြင့်ထောက်ပံ့ရာ သုံးခွမြို့နယ်အတွင်းရှိ သက်ကြီးအဘိုး(၂၇၀)၊ အဘွား(၄၇၁)ဦး စုစုပေါင်းဘိုးဘွား(၇၄၁)ဦးတို့အတွက်(၂၂,၂၃၀,၀၀၀ )ကျပ်သိန်းကို

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်၊ မြို့နယ်လူမှု၀န်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်၀င်း၀င်းမြင့်တို့က သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံံ့ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

စည်သူလင်း ပြန်/ဆက်