သဲကုန်းမြို့နယ်၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

သဲကုန်း စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သဲကုန်းမြို့နယ်နေ အခြေခံလူတန်းစား ပြည်သူများအတွက် စိုက်ပျိုးရေးမွေးမြူရေးထုတ်ကုန်များအား ယနေ့နံနက်ပိုင်း က  သဲကုန်းမြို့နယ် ပေါက်တောရပ်ကွက်များ၌  ရွေ့လျား Mobile စနစ်ဖြင့် သက်သာသောစျေးနှုန်းများနှင့် လိုက်လံ ရောင်းချပေးခဲ့သည်။

ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေးဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြက်ဥနှင့် ဒေသထွက်အခြား ဟင်းသီးဟင်းရွက်သီးနှံများအားပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယနေ့တွင်  ကြက်ဥအလုံး (၂၅၀၀) အားတစ်ထောင်ဖိုး ()လုံးနှင့်   ဒေသထွက်ဟင်းသီးဟင်းရွက် သီးနှံများကို ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ပြီး နောက်ရက်များတွင်လည်း ယခုကဲ့သို့ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)