ဒိုက်ဦးမြို့နယ် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဒိုက်ဦး  စက်တင်ဘာ  ၁၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀) နာရီတွင် --က ၂၊ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါဟောပြောပွဲတွင် အ--က ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းမော် က အဖွင့်အမှာစကား ပြောကြားပါသည်။

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင် က ကျောင်းသား/သူများအား အကျင့်စာရိတ္တကောင်းမွန်စွာ နေထိုင်ကြရန် အသိပညာပေးဟောပြောပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေသက်အောင်က ကျောင်းသား/သူများအား စာဖတ်ကြရန်အသိပညာပေးဟောပြောခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်က စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်များအား အသိပညာပေး ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဒိုက်ဦးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ ၁၆၀ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)