ရွှေတောင်မြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာမျိုးစေ့ပေးအပ်ပွဲကျင်းပ

ရွှေတောင်  စက်တင်ဘာ  ၁၆

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်း က ၂၀၂၂ - ၂၀၂၃ ခုနှစ် ဆီထွက်သီးနှံဆောင်းနေကြာမျိုးစေ့ ပေးအပ်ပွဲကျင်းပဆီထွက်သီးနှံဆောင်း နေကြာမျိုးစေ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ မြို့နယ်စိုက် /ကြပ်ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်/ကြပ်ကော်မတီပါ ဌာနဆိုင်ရာများ၊ ရပ်ကွက် / ကျေးရွာအုပ်စု (၅၁) အုပ်စုတို့ရှိ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူကိုယ်စားလှယ်များ စုစုပေါင်းအင်အား ( ၁၁၃) ဦးခန့် တက်ရောက်ခဲ့ပြီးမြို့နယ်နှင့် မြို့နယ်စိုက် /ကြပ်ကော်မတီ ဥက္ကဋ္ဌ တို့က ရွှေတောင်မြို့နယ်အတွင်း ၂၀၂၂ - ၂၀၂၃ ခုနှစ် ဆီထွက်သီးနှံဆောင်းနေကြာမျိုး လျာထားဧက ပြည့်မှီစွာစိုက်ပျိုးနိုင်ရေးဒေသခံတောင်သူများနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံးများမှ ပူးပေါင်းတွန်းအားပေးဆောင်ရွက်သွားရန် မှာကြားဆောင်ရွက်ခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်/ကြပ် ကော်မတီပါ ဌာနဆိုင်ရာများမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသို့ ဆီထွက်သီးနှံဆောင်းနေကြာမျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကို မင်း ( ပြန် / ဆက်)