သဲကုန်းမြို့နယ်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

သဲကုန်း စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က သဲကုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာသဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူးဦးဌေးဝင်းက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာသော စိတ်ဓာတ်စည်းကမ်းကောင်းမွန်သော လူကောင်းလူတော်များ ပေါ်ထွက်ရေး၊ မြို့မစခန်းမှူး ဒုရဲမှူးဇင်ဟိန်းထွဋ်က  ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးကျော်မင်းထိုက်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဝင့်နန္ဒာဌေးက ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူကြရမည့်သူများအနေဖြင့် ဗလငါးတန်းပြည့်စုံစေရန် လူငယ်နှင့်ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြရန်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ကြီးပွားရေး၊ မျိုးချစ်စိတ်ရှင်သန်ရေးရှိကြစေရန်  အသီးသီးဟောပြောခဲ့ကြသည်။ ဟောပြောပွဲသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းသူကျောင်းသားများ၊ ဆရာ၊ ဆရာမများက တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်အသိပညာပေးနံရံကပ် စာစောင်များကို စိတ်ပါဝင်စားကြည့်ရှုခဲ့ကြကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်