ဒိုက်ဦး စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦဂစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများသည် ယနေ့က ပနွတ်ကျေးရွာအုပ်စု၊ နှင်းပုလဲကျေးရွာ၌ ပန်းခင်းစီမံချက်အဆင့် (၂)နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဒိုက်ဦးမြို့နှင့် အလှမ်းဝေးသောကျေးရွာများရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိစေရန် ရည်ရွယ်၍ ယခုလိုကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ပြောကြားခဲ့သည်။
အဆိုပါကွင်းဆင်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှု ဝိုင်းဝန်းကူညီကြကာ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)