သာယာဝတီ စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဌာနမှ ယနေ့နံနက် ၈ နာရီက သာယာဝတီမြို့မစျေးနှင့်သုံးဆယ်မြို့မစျေးတို့တွင်ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊စည်ပင်သာယာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက သာယာဝတီမြို့နယ်အတွင်းရှိ ပြည်သူများ၊ စျေးရောင်းစျေးဝယ်ပြည်သူများ၊ Mask တပ်ဆင်ထားခြင်းမရှိသူလမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် Mask အခမဲ့တပ်ဆင်ပေးခြင်း၊ ဆေးအကြိမ်ပြည့်ရောက်သူများကို ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အလားတူ သာယာဝတီမြို့နယ်အတွင်းရှိ ၁၈ နှစ်အထက် ပထမအကြိမ်ထိုးနှံပြီးသူ (၁၁၅၃၇၆)ဦး၊ဒုတိယအကြိမ်ထိုးနှံပြီးသူ (၁၀၉၁၆၈)ဦး၊ Booster ထိုးနှံပြီးသူ (၄၇၃၂၂)ဦး၊ထပ်ဆောင်း Booster ထိုးနှံပြီးသူ(၄၂၅၆)ဦး ထိုးနှံပြီးစီးပြီဖြစ်ပြီး အသက် (၁၂)နှစ်မှ(၁၈)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်ထိုးနှံပြီးသူ (၁၀၀၅၆)ဦး၊ ဒုတိယအကြိမ်ထိုးနှံပြီးသူ (၉၁၇၅)ဦး၊ Booster ထိုးနှုံပြီးသူ (၄၈၀၉၁၅)ဦး၊ အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်ထိုးနှံပြီးသူ (၁၇၁၆၄)ဦး၊ဒုတိယကြိမ်ထိုးနှံပြီးသူ(၁၆၀၃၇)ဦး၊ကျောင်းမနေကလေး အသက် (၅)နှစ်မှ(၁၅)နှစ်ပထမကြိမ်ထိုးနှံပြီးသူ(၂၂၉)ဦး အသက် (၁၅)နှစ်မှ (၁၈)နှစ်အထိပထမကြိမ်ထိုးနှံပြီးသူ (၂၆၈၇)ဦး၊ ဒုတိယကြိမ်ထိုးနှံပြီးသူ (၂၂၃၅)ဦး ထိုးနှံပြီးကြောင်းသိရသည်။
အလားတူ ကျန်ရှိနေသော ရပ်ကွက်များနှင့်ကျေးရွာများ၌လည်း ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သန့်ဇော် (ပြန်/ဆက်)