မိုင်းတုံမြို့၌ ဌာနဆိုင်ရာများပူးပေါင်း၍ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာ ကွယ်ရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်

မိုင်းတုံ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အ‌ထွေ‌ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူးဦးလွင်မိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်၍ ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်နိုင်ရေးမြို့ပေါ်ရှိ ဖြတ်သွားဖြတ်လာပြည်သူများသို့ Mask Campaign ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက်(၉) နာရီ က အ.ထ.က မိုင်းတုံ ကျောင်းရှေ့တွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါအသိပညာပေးခြင်းနှင့် နှာခေါင်းစည်းMaskCampaign ဆောင်ရွက်ပေးခြင်းသည် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း အိုမီခရွန်ကို မိမိတို့ကိုယ်တိုင် ကာကွယ်တက်စေရန်၊ ချမှတ်ထားသည့် စည်းကမ်းများကိုလိုက်နာဆောင် ရွက်တက်‌စေရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင်လည်း ပူးပေါင်းပါဝင်တက်‌စေရန်၊ နေအိမ်အပြင်သို့ ထွက်တာနှင့် နှာခေါင်းစည်းMask တပ်ဆင်သွားလာတတ်သည့် အလေ့အထရှိစေရန် အသိပညာပေးပြီး နှာခေါင်းစည်း Mask အခု (၁၂၀၀) ကိုဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)