ပုဏ္ဏားကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign နှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ပုဏ္ဏားကျွန်း စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးလှရွှေနှင့်အဖွဲ့ဝင်များ၊ စစ်ကြောင်းကြီး(၅) ကြောင်းမှ အဖွဲ့ခေါင်းဆောင်များနှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များဦးဆောင်၍ ယနေ့၊ နံနက်(၇)နာရီခွဲက ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ ပြည်သူလူထုများ စည်ကားသွားလာမှုများသည့် မြို့အဝင်လမ်းနှင့်မြို့မဈေးကြီးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်ုသူတို့ကို Mask Campaign နှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးလှရွှေနှင့်အဖွဲ့ဝင်များ၊ စစ်ကြောင်းကြီး (၅) ကြောင်းမှ လူမှုရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင်များ၊ မြို့နယ်ကျန်းမာရေးမှူးနှင့်ဝန်ထမ်းများ၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ စည်ပင်၊ မီးသတ်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းအင်အား ၅၀ ဦးခန့်တို့က Mask အခုရေ (၆၀၀၀) ခုဖြင့် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်၊ မြို့မဈေးကြီးနှင့်ဈေးလမ်းမတစ်လျှောက် လူစည်ကားသည့်နေရာများ တွင် လမ်းသွားလမ်းလာပြည်သူတို့အား နှာခေါင်းစည်း (Mask) များ တပ်ဆင်နိုင်ရေး Mask Campaign ပြုလုပ်ခဲ့ကြပြီး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်းဘုတ်စိုက်ထူပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား အကြိမ်ပြည့် ထိုးနှံကြပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို သိရှိလိုက်နာကြပါရန် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)