နမ့်စန်(တ) စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီ က နိုင်ငံ့ ဝန်ထမ်းများနှင့်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများကို စတုတ္ထအကြိမ် ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းအား မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများက ထပ်ဆောင်း ကာကွယ်ဆေး (Sinovac)ထိုးခြင်းလုပ်ငန်းကို စနစ်တကျဆောင်ရွက်ပေး လျက်ရှိပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အတူနေမိသားစုဝင်များ၊ (၆၅)နှစ် အထက် သက်ကြီးဘိုးဘွားများကို ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားခြင်းမှ ကြိုတင် ကာကွယ် နိုင်စေရန်အတွက် စတုတ္ထအကြိမ် ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံပေးခြင်းဖြစ်ပြီး ယနေ့တွင် စုစုပေါင်း (၅၅၀)ဦးကို ထိုးနှံပေးနိုင်ခဲ့ကာ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်တို့တွင် အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန် ကျန်ရှိခဲ့ ပြီး ထိုးနှံခြင်းမရှိသေးသည့် အသက်(၁၈)နှစ်အထက်ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများကိုလည်း သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်