နောင်တရားမြို့၌ ဆီထွက်သီးနှံ နှမ်းလုံး ဧက(၈၀၀)ကျော်စိုက်ပျိုး
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းလုံးကို ဧက(၈၀၀)ကျော် စိုက်ပျိုးထားကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။