သရက်ချောင်း စက်တင်ဘာ ၂၁
မြန်မာနိုင်ငံတော်အစိုးရမှ နိုင်ငံတစ်ဝန်းအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင် လစာငွေများအား လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီခွဲ အချိန်ကစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပင်စင်လစာငွေများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ၎င်း၏ မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်း၊ သရက်ချောင်းမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင် လစာငွေများ ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားလူဦးရေ စုစုပေါင်း (၆၈၁) ဦးရှိကြောင်းနှင့် ပင်စင်လာရောက် ထုတ်ယူသူများ ငွေထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေး ဘဏ်ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
သားကြီး(သရက်ချောင်း)