တောင်သာမြို့နယ်တွင်   ၂၀၂၂   မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

တောင်သာ စက်တင်ဘာ  ၂၁

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊တောင်သာမြို့နယ်ရှိ  တောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့်  မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ  ဒေသခံတောင်သူများအားဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးစရိတ်များ  ထုတ်ချေးပေးရာတွင် စပါး၊မြေပဲ၊ပဲစဉ်းငုံ၊နှမ်း   စိုက်ပျိုးဧကလယ်တစ်ဧကကို  ငွေကျပ် (၁၅၀၀၀၀/-)နှုန်း၊ ယာတစ်ဧကကို ငွေကျပ်(၁၀၀၀၀၀/-)နှုန်းဖြင့် တဲကြီးကုန်းကျေးရွာရှိ တောင်သူ(၁၀)ဦး၊ ကြီးပင်တဲကျေးရွာရှိ တောင်သူ(၂)ဦး၊ မြင်းတဲကျေးရွာရှိ တောင်သူ(၆)ဦး၊ ဆီမီးကန်ကျေးရွာရှိ တောင်သူ(၂)ဦး၊ ကန်မြကျေးရွာရှိ တောင်သူ(၃)ဦး  စိုက်ပျိုးဧကပေါင်း(၁၆၃)ဧကအတွက် စုစုပေါင်းငွေကျပ်( ၁၆၃၅၀၀၀၀)သိန်းကို ကျေးရွာများရှိ တောင်သူ(၂၃)ဦးအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ကျန်ရှိသည့် တောင်သူများအားလည်း  စိုက်ပျိုးစရိတ်ချေးငွေများကို  ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တောင်သာမြို့နယ် မန်နေဂျာ ဦးသက်ခိုင်ဇော်ထံမှ သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)