ရေးမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ရေးပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာများသို့ ဆိုလာများ ထောက်ပံ့လှူဒါန်း

နပ်စပ်ရေးရာဝန်ကြီးဌာန၊ ရေးမြို့နယ်ဒေသဖွံ့ရေးကြီးကြပ်မှုရုံးမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာများသို့ ဆိုလာထောက်ပံ့လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ရေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဒေးဒရဲမြို့ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းကစတင်၍ ပင်စင်စားများ၏ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် နေ့စဉ်ဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် နေ့စဉ်နံနက် ၉ နာရီခွဲအချိန်မှစ၍ ထိုးနှံပေးလျက် ရှိသိရသည်။

ဓနုဖြူမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြင်ကသာကျေးရွာ၊ အ.ထ.က(ပြင်ကသာ) ကျောင်းခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊  ကွမ်းခြံကုန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတများစွာရရှိနိုင်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ကကွမ်းခြံကုန်းမြိုအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင်ကျင်းပခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေး စစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းရှိစေရေး ပညာပေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့အဝင်၊ အထွက် ကြိုဆိုပါ၏လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီလုပ်ငန်းကော်မတီအစည်းအဝေး ၁/၂၀၂၂ နှင့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ချမ်းအေးသာစံမြို့နယ်၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ခ​မောက်ကြီးမြို့၊ ထိုင်း-မြန်မာနယ်စပ် မာရမ်းကျေးရွာတွင် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရန် Mask Campaign လှုပ်ရှားမှုဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊​ ကော့​သောင်းခရိုင်၊ ခ​မောက်ကြီးမြို့၊ ထိုင်း-မြန်မာနယ်စပ် မာရမ်းကျေးရွာတွင် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါကူးစက်မှုမရှိစေရန် Mask Campaign လှုပ်ရှားမှုဆောင်ရွက်ခြင်းကို ယ​မန်နေ့နံနက်ပိုင်းက မာရမ်းကျေးရွာဆေးရုံအနီး ရှမ်းကိုးရွာ ပတ်လမ်းမကြီး၌ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                   

ယာဥ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိစေရေး ကြပ်မတ်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း ယာဥ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ဆောင်ရွက်ခဲ့သည်။

ကလိန်အောင်မြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေး

စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်၊ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြား တတ်လာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ Mobile Library စနစ်ဖြင့် သုတ/ရသ စာအုပ်များအခမဲ့သွားရောက်ငှားရမ်းပေးခြင်းကို ယနေ့  နံနက်(၁၀)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
Subscribe to