တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဖဲပွင့်ကလစ် ပြုလုပ်နည်းသင်တန်း (အခမဲ့)ကျင်းပ
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဖဲပွင့်ကလစ် ပြုလုပ်နည်းသင်တန်း (အခမဲ့) ကို ယမန်နေ့ညနေ (၃) နာရီက ကျင်းပကြောင်း သိရသည်။